မန္တလေး ဇွန် ၁၃
မန္တလေးမြို့ ၇၁×၇၂လမ်းနှင့်၃၆×၃၇လမ်းကြားရှိ ယုံကြည်ရာ စာကြည့်တိုက်တွင် Communication for Development သင်တန်းအမှတ်စဉ်(၁၅)ကို ဇွန်လ ၁၂ရက်မှ ၁၄ရက်နေ့အထိဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
``စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေတဲ့ တောင်သူတွေနဲ့
ထိတွေ့ဆက်ဆံနေသူတွေ၊ အသိပညာပေးနေသူတွေ ကို သင်တန်းပေးတာပါ၊ သတင်းအချက်အလက်ဆိုင်ရာ
နည်းပညာဟာ ယနေ့အချိန်အခါမှာ အရေးပါနေတယ်ဆိုတာ သူတို့သိပြီး တောင်သူတွေကို ဖြန့်ဝေပေးနိုင်အောင်ပါ´´ ဟု သင်တန်းနည်းပြဆရာ Myanmar Book Aid & Preservation Foundation (MBAPF)မှအုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းကပြောသည်။
သင်တန်းကို နေပြည်တော်၊စစ်ကိုင်း၊ရှမ်းပြည်နယ်၊မန္တလေးတိုင်းဒေသကြီးတို့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်း(၂၁)ဦး၊ငါးလုပ်ငန်းဦးစီးဌာနဝန်ထမ်း(၅)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၄)ဦးဖြင့် သင်ကြားလျက်ရှိသည်။
`သင်တန်းကကောင်းတယ် ကွန်ပျူတာ၊အင်တာနက် ဆိုင်ရာတွေ အထူးသဖြင့် လက်ကိုင်ဖုန်းနဲ့ ICT
နည်းပညာတွေ ကို ရိုးရိုးရှင်းရှင်းလေးသိရတယ် ကျနော်တို့သိထား တာတွေထက် ပိုပြီး စနစ်တကျသိလာတယ်´ ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လာရောက်သင်တန်းတက်သည့် ပြန်ဆက်ဦးစီးဌာနမှ ဝန်ထမ်း တစ်ဦးကပြောသည်။
`ကျတော်တို့ဒေသမှာ ကွင်းဆင်းတဲ့အခါ ဒီသင်တန်းက ရရှိတဲ့ နည်းစနစ်နဲ့ မိမိသိလိုတဲ့အချက်အလက်များရှာဖွေတာ၊တွေ ရိုးရှင်းစနစ်ကျတဲ့ ဒီနည်းပညာတွေ ပြန်လည်ဝေမျှသွားမှာပါ´ ဟု ၎င်းက ဆက်ပြောသည်။
သင်တန်းကို Communication for Sustainable Livelihood and Food Security စီမံကိန်း ခေါင်းစဉ်အောက်၌
ပြန်ကြားရေးဝန်ကြီးဌာန၊UNESCO, LIFT နှင့် MBAPF တို့ ပူးပေါင်း၍ နေပြည်တော်နှင့်
မန္တလေးမြို့တို့တွင် ယခုနှစ် ဧပြီလမှ သင်တန်းအမှတ်စဉ်(၁)စတင်ကာ သင်တန်းများ ဆက်တိုက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)

No comments:
Post a Comment