Sunday, June 25, 2017

စာဖတ်​ရှိန်​မြှင့်​တင်​​ရေး​ဆွေး​နွေးပွဲသုံးသပ်​ချက်


စာဖတ်​ရှိန်​မြှင့်​တင်​​ရေး​ဆွေး​နွေးပွဲသုံးသပ်​ချက်
မနက်​ပိုင်း
ဆရာမ​ဒေါ်ခင်​သီတာဦး၊ဆရာမ​ဒေါ်မြတ်​စန်းငြိမ်း၊ဆရာမ မသီတာ(စမ်း​ချောင်း)တို့​ဆွေး​နွေးကြတာပါ
ဒေါ်ခင်​သီတာဦးက ပြန်​ဆက်​ကဖြစ်​ပြီး ပြန်​ဆက်​ကလုပ်​​ဆောင်​​နေတာ​တွေ ရပ်​ရွာနဲ့ဆိုင်​တဲ့​ဆွေး​နွေးပွဲ ​တွေကို ပြန်​ဆက်​စာကြည့်​တိုက်​ရုံး​တွေမှာလုပ်​လို့ရတဲ့အ​ကြောင်းပြန်​ဆက်​စာကြည့်​တိုက်​ကိုအသုံးပြုကြဖို့အ​ကြောင်း​ပြောကြားခဲ့သလို
ဒေါ်မြတ်​စန်းငြိမ်းက ​ကျောင်းစာကြည့်​တိုက်​စနစ်​တကျ​ရှင်​သန်​ဖို့နဲ့​ခေတ်​မီဆန်းသစ်​​သောစာကြည့်​တိုက်​ဖြစ်​ထွန်း​ရေးအတွက်​ဘယ်​လိုလုပ်​​ပေး​နေတယ်​ဆိုတဲ့အ​ကြောင်း​တွေ​ လက်​​တွေ့လုပ်​​နေတာနဲ့ကြုံရတဲ့အခက်​အခဲ​ဆွေး​နွေးခဲ့တာပါ
မသီတာ(စမ်း​ချောင်း)က​တော့ အခုလို စာကြည်​တိုက်​​တွေ စာဖတ်​ရှိန်​မြှင့်​တင်​​ရေး​တွေလုပ်​​နေတာကိုကြိုဆို​ပေမယ့်​ တကယ်​လုပ်​သင့်​တာက နိုင်​ငံ​တော်​အဆင့်​လုပ်​ဖို့လိုတဲ့အ​ကြောင်း လူကိုအ​ခြေမပြုဘဲ မူကိုအ​ခြေပြုဖို့လိုတဲ့အ​ကြောင်း​ဆွေး​နွေးသွားပါတယ်
ဆရာမ​တွေရဲ့​ဆွေး​နွေးမှုအကျဉ်းချုပ်​​လေး​တွေနဲ့အတူကျွန်​​တော်​အမြင်​​လေး​လည်း​ပြောပါမယ်​ ပြန်​ဆက်​ ကဆရာမ​ဒေါ်ခင်​သီတာဦး​ပြောသွားတာကိုသုံးသပ်​ရရင်​ ပြန်​ဆက်​ကချမှတ်​ထားတဲ့လမ်းစဉ်​တကယ်​​ကောင်းပါတယ်​ ဆရာမမသီတာစကားဌား​ပြောရရင်​မူ​ပေါ့ ​မူ​ကောင်းတယ်​လို့ဘဲ​ပြောပရ​စေ ဒါ​ပေမယ့်​တကယ်​လက်​​တွေ့ကြုံရတဲ့ပြန်​ဆက်​ရုံးစာကြည့်​တိုက်​တစ်​ချို့မှာ ရုံးဆန်​​နေတာပါဘဲ ဒါ​ကြောင့်​ ပြန်​ဆက်​စာကြည့်​တိုက်​ရုံး လို့သုံးလိုက်​ရသလို တချို့လို့အားနာလို့သုံးရ​ပေမယ့်​ တကယ်​ပြန်​ဆက်​စာကြည့်​တိုက်​​တွေအ​နေအထားက စာဖတ်​သူကိုကူညီ​ပေးကြသည့်​တိုင်​ ​ပေါ့​ပေါ့ပါးပါးမဖြစ်​ကြဖူးလို့ထင်​ပါတယ်​ ဒါကခံစားရတဲ့အပိုင်း
ဆရာမကို​ဆွေး​နွေးခဲ့တာ​လေးလည်း ပြန်​​ပြောပါရ​စေ ပြန်​ဆက်​စာကြည့်​တိုက်​​တွေကဦးစီးပြီးတစ်​လတစ်​ကြိမ်​မြို့နယ်​တွင်းစာကြည့်​တိုက်​​တွေကိုဖိတ်​​ခေါ်​ဆွေး​နွေးဖို့
ပြည်​သူလူထုအသံနား​ထောင်​ဖို့ အခါအား​လျော်​စွာ စု​ပေါင်းရံပုံ​ငွေရှာဖို့
၎လတစ်​ကြိမ်​ဖြစ်​​စေ ၆လတစ်​ကြိမ်​ဖြစ်​​စေ ခရိုင်​အတွင်းရှိစာကြည့်​တိုက်​များစု​ပေါင်းပြီးခရိုင်​အဆင့်​​တွေ့ဆုံပွဲ​တွေလုပ်​ဖို့
၁နှစ်​တစ်​ကြိမ်​ တိုင်းအဆင့်​ ​တွေ့ဆုံတာမျိုး​တွေ
စသဖြင့်​လုပ်​​ဆောင်​သင့်​​ကြောင်း အကြံပြုခဲ့ပါတယ်​ စာကြည့်​တိုက်​လုပ်​သူ​တွေဟာ ကိုယ့်​စရိတ်​ကိုယ်​စားပြီးအခမဲ့လုပ်​သူ​တွေဖြစ်​တာ​ကြောင့်​ ကိုယ့်​မြို့နယ်​တွင်းဖြစ်​လို့ရယ်​ စာကြည့်​တိုက်​လုပ်​​ဆောင်​သူအများစုဟာ​တွေ့ဆုံ​ဆွေး​နွေးချင်​ကြသူ​တွေဖြစ်​တာ​ကြောင့်​ ပွဲလုပ်​တဲ့အခါ တပြားမှကုန်​စရာမလိုဖူးဆိုတာ​ပြောပရ​စေ တစ်​​ယောက်​နဲ့တစ်​​ယောက်​​လေးစားမှုရှိပြီးပူး​ပေါင်းလုပ်​​ဆောင်​တတ်​တဲ့အ​လေ့အား​ကောင်းမှစာကြည့်​တိုက်​​တွေဖွံဖြိုးမှာပါ
ဆရာမမြတ်​စမ်းငြိမ်းရဲ့စာကြည့်​တိုက်​အ​ရေးအ​ကောင်​အထည်​​ဖော်​လုပ်​​နေတာ​တွေအတွက်​​တော့​ဆွေး​နွေးဖို့သိပ်​မလို​တော့မ​ပြော​တော့ပါဘူး ဆရာမမသီတာကနိုင်​ငံတကာအ​နေအထားနဲ့ယှဉ်​ပြီး​ပြောတဲ့အတွက်​ မူကို​ပြောသွားတာပါ ကျွန်​​တော်​တို့လည်းလက်​ခံသလို မူ​ပေါ်လာ​အောင်​လည်း ဝိုင်းလုပ်​​နေကြတာ​တွေရှိပါတယ်​ ဒါ​ပေမယ့်​တကယ့်​လက်​​တွေ့မှာ​တော့ နိုင်​ငံ​ရေးအ​ပြောင်းအလဲမှာ​တောင်​ ​ဒေါ်​အောင်​ဆန်းစုကြည့်​ကို အ​ခြေပြုပြီးသွား​နေရတာမျိုး ကျွန်​​တော်​တို့စာကြည့်​တိုက်​အ​ရေးလုပ်​​နေသူ​တွေဟာလည်း လူ​ပေါ်အ​ခြေပြု​နေရအုန်းမှာပါ မူကလည်း​ ကောင်း အ​ကောင်​အထည်​​ဖော်​မယ့်​လူ​တွေရဲ့အရည်​အချင်း​တွေကိုလည်းမြှင့်​တက်​​အောင်​လုပ်​​ပေးနိုင်​ကြမယ်​ဆိုရင်​ မြန်​မာ့နိုင်​ငံ​ရေးနဲ့အတူ စာကြည့်​တိုက်​​တွေဖွံဖြိုးလာနိုင်​မှာပါလို့​မျှော်​မှန်းရင်းသုံးသပ်​လိုက်​ရပါတယ်
၂၃.၆.၂၀၁၇(စာ​ပေဗိမာန်​)
ဆက်​လက်​​ဆွေး​နွေးနိုင်​ပါတယ်​.....

Author - Ko Maung Maung Soe's Facebook

No comments:

Post a Comment

စာဖတ်​ရှိန်​မြှင့်​တင်​​ရေး​ဆွေး​နွေးပွဲသုံးသပ်​ချက်

စာဖတ်​ရှိန်​မြှင့်​တင်​​ရေး​ဆွေး​နွေးပွဲသုံးသပ်​ချက်​ မနက်​ပိုင်း ဆရာမ​ဒေါ်ခင်​သီတာဦး၊ဆရာမ​ဒေါ်မြတ်​စန်းငြိမ်း၊ဆရာမ မသီတာ(စမ်း​ချောင...