Sunday, June 25, 2017

စာဖတ်​ရှိန်​မြှင့်​တင်​​ရေး​ဆွေး​နွေးပွဲသုံးသပ်​ချက်


စာဖတ်​ရှိန်​မြှင့်​တင်​​ရေး​ဆွေး​နွေးပွဲသုံးသပ်​ချက်
မနက်​ပိုင်း
ဆရာမ​ဒေါ်ခင်​သီတာဦး၊ဆရာမ​ဒေါ်မြတ်​စန်းငြိမ်း၊ဆရာမ မသီတာ(စမ်း​ချောင်း)တို့​ဆွေး​နွေးကြတာပါ
ဒေါ်ခင်​သီတာဦးက ပြန်​ဆက်​ကဖြစ်​ပြီး ပြန်​ဆက်​ကလုပ်​​ဆောင်​​နေတာ​တွေ ရပ်​ရွာနဲ့ဆိုင်​တဲ့​ဆွေး​နွေးပွဲ ​တွေကို ပြန်​ဆက်​စာကြည့်​တိုက်​ရုံး​တွေမှာလုပ်​လို့ရတဲ့အ​ကြောင်းပြန်​ဆက်​စာကြည့်​တိုက်​ကိုအသုံးပြုကြဖို့အ​ကြောင်း​ပြောကြားခဲ့သလို
ဒေါ်မြတ်​စန်းငြိမ်းက ​ကျောင်းစာကြည့်​တိုက်​စနစ်​တကျ​ရှင်​သန်​ဖို့နဲ့​ခေတ်​မီဆန်းသစ်​​သောစာကြည့်​တိုက်​ဖြစ်​ထွန်း​ရေးအတွက်​ဘယ်​လိုလုပ်​​ပေး​နေတယ်​ဆိုတဲ့အ​ကြောင်း​တွေ​ လက်​​တွေ့လုပ်​​နေတာနဲ့ကြုံရတဲ့အခက်​အခဲ​ဆွေး​နွေးခဲ့တာပါ
မသီတာ(စမ်း​ချောင်း)က​တော့ အခုလို စာကြည်​တိုက်​​တွေ စာဖတ်​ရှိန်​မြှင့်​တင်​​ရေး​တွေလုပ်​​နေတာကိုကြိုဆို​ပေမယ့်​ တကယ်​လုပ်​သင့်​တာက နိုင်​ငံ​တော်​အဆင့်​လုပ်​ဖို့လိုတဲ့အ​ကြောင်း လူကိုအ​ခြေမပြုဘဲ မူကိုအ​ခြေပြုဖို့လိုတဲ့အ​ကြောင်း​ဆွေး​နွေးသွားပါတယ်
ဆရာမ​တွေရဲ့​ဆွေး​နွေးမှုအကျဉ်းချုပ်​​လေး​တွေနဲ့အတူကျွန်​​တော်​အမြင်​​လေး​လည်း​ပြောပါမယ်​ ပြန်​ဆက်​ ကဆရာမ​ဒေါ်ခင်​သီတာဦး​ပြောသွားတာကိုသုံးသပ်​ရရင်​ ပြန်​ဆက်​ကချမှတ်​ထားတဲ့လမ်းစဉ်​တကယ်​​ကောင်းပါတယ်​ ဆရာမမသီတာစကားဌား​ပြောရရင်​မူ​ပေါ့ ​မူ​ကောင်းတယ်​လို့ဘဲ​ပြောပရ​စေ ဒါ​ပေမယ့်​တကယ်​လက်​​တွေ့ကြုံရတဲ့ပြန်​ဆက်​ရုံးစာကြည့်​တိုက်​တစ်​ချို့မှာ ရုံးဆန်​​နေတာပါဘဲ ဒါ​ကြောင့်​ ပြန်​ဆက်​စာကြည့်​တိုက်​ရုံး လို့သုံးလိုက်​ရသလို တချို့လို့အားနာလို့သုံးရ​ပေမယ့်​ တကယ်​ပြန်​ဆက်​စာကြည့်​တိုက်​​တွေအ​နေအထားက စာဖတ်​သူကိုကူညီ​ပေးကြသည့်​တိုင်​ ​ပေါ့​ပေါ့ပါးပါးမဖြစ်​ကြဖူးလို့ထင်​ပါတယ်​ ဒါကခံစားရတဲ့အပိုင်း
ဆရာမကို​ဆွေး​နွေးခဲ့တာ​လေးလည်း ပြန်​​ပြောပါရ​စေ ပြန်​ဆက်​စာကြည့်​တိုက်​​တွေကဦးစီးပြီးတစ်​လတစ်​ကြိမ်​မြို့နယ်​တွင်းစာကြည့်​တိုက်​​တွေကိုဖိတ်​​ခေါ်​ဆွေး​နွေးဖို့
ပြည်​သူလူထုအသံနား​ထောင်​ဖို့ အခါအား​လျော်​စွာ စု​ပေါင်းရံပုံ​ငွေရှာဖို့
၎လတစ်​ကြိမ်​ဖြစ်​​စေ ၆လတစ်​ကြိမ်​ဖြစ်​​စေ ခရိုင်​အတွင်းရှိစာကြည့်​တိုက်​များစု​ပေါင်းပြီးခရိုင်​အဆင့်​​တွေ့ဆုံပွဲ​တွေလုပ်​ဖို့
၁နှစ်​တစ်​ကြိမ်​ တိုင်းအဆင့်​ ​တွေ့ဆုံတာမျိုး​တွေ
စသဖြင့်​လုပ်​​ဆောင်​သင့်​​ကြောင်း အကြံပြုခဲ့ပါတယ်​ စာကြည့်​တိုက်​လုပ်​သူ​တွေဟာ ကိုယ့်​စရိတ်​ကိုယ်​စားပြီးအခမဲ့လုပ်​သူ​တွေဖြစ်​တာ​ကြောင့်​ ကိုယ့်​မြို့နယ်​တွင်းဖြစ်​လို့ရယ်​ စာကြည့်​တိုက်​လုပ်​​ဆောင်​သူအများစုဟာ​တွေ့ဆုံ​ဆွေး​နွေးချင်​ကြသူ​တွေဖြစ်​တာ​ကြောင့်​ ပွဲလုပ်​တဲ့အခါ တပြားမှကုန်​စရာမလိုဖူးဆိုတာ​ပြောပရ​စေ တစ်​​ယောက်​နဲ့တစ်​​ယောက်​​လေးစားမှုရှိပြီးပူး​ပေါင်းလုပ်​​ဆောင်​တတ်​တဲ့အ​လေ့အား​ကောင်းမှစာကြည့်​တိုက်​​တွေဖွံဖြိုးမှာပါ
ဆရာမမြတ်​စမ်းငြိမ်းရဲ့စာကြည့်​တိုက်​အ​ရေးအ​ကောင်​အထည်​​ဖော်​လုပ်​​နေတာ​တွေအတွက်​​တော့​ဆွေး​နွေးဖို့သိပ်​မလို​တော့မ​ပြော​တော့ပါဘူး ဆရာမမသီတာကနိုင်​ငံတကာအ​နေအထားနဲ့ယှဉ်​ပြီး​ပြောတဲ့အတွက်​ မူကို​ပြောသွားတာပါ ကျွန်​​တော်​တို့လည်းလက်​ခံသလို မူ​ပေါ်လာ​အောင်​လည်း ဝိုင်းလုပ်​​နေကြတာ​တွေရှိပါတယ်​ ဒါ​ပေမယ့်​တကယ့်​လက်​​တွေ့မှာ​တော့ နိုင်​ငံ​ရေးအ​ပြောင်းအလဲမှာ​တောင်​ ​ဒေါ်​အောင်​ဆန်းစုကြည့်​ကို အ​ခြေပြုပြီးသွား​နေရတာမျိုး ကျွန်​​တော်​တို့စာကြည့်​တိုက်​အ​ရေးလုပ်​​နေသူ​တွေဟာလည်း လူ​ပေါ်အ​ခြေပြု​နေရအုန်းမှာပါ မူကလည်း​ ကောင်း အ​ကောင်​အထည်​​ဖော်​မယ့်​လူ​တွေရဲ့အရည်​အချင်း​တွေကိုလည်းမြှင့်​တက်​​အောင်​လုပ်​​ပေးနိုင်​ကြမယ်​ဆိုရင်​ မြန်​မာ့နိုင်​ငံ​ရေးနဲ့အတူ စာကြည့်​တိုက်​​တွေဖွံဖြိုးလာနိုင်​မှာပါလို့​မျှော်​မှန်းရင်းသုံးသပ်​လိုက်​ရပါတယ်
၂၃.၆.၂၀၁၇(စာ​ပေဗိမာန်​)
ဆက်​လက်​​ဆွေး​နွေးနိုင်​ပါတယ်​.....

Author - Ko Maung Maung Soe's Facebook

Tuesday, June 13, 2017

မောင်​​မောင်​နိုင်​(ကျိုင်းတုံ) သတင်းစာမှ ကူးယူဖော်ပြချက်

အမှတ်​စဉ်​၁၅ C4D(မန္တ​လေး)သင်​တန်းဖွင့်​လှစ်
မန္တ​လေး ဇွန်​ ၁၃
မန္တ​လေးမြို့ ၇၁×၇၂လမ်းနှင့်​၃၆×၃၇လမ်းကြားရှိ ယုံကြည်​ရာ စာကြည့်​တိုက်​တွင်​ Communication for Development သင်​တန်းအမှတ်​စဉ်​(၁၅)ကို ဇွန်​လ ၁၂ရက်​မှ ၁၄ရက်​​နေ့အထိဖွင့့်လှစ်​လျက်​ရှိ​ကြောင်း သိရသည်​။
``​စိုက်​ပျိုး​​မွေးမြူ​ရေး​လုပ်​ကိုင်​​နေတဲ့ ​တောင်​သူ​တွေနဲ့
ထိ​တွေ့ဆက်​ဆံ​နေသူ​တွေ၊ အသိပညာ​ပေး​နေသူ​တွေ ကို သင်​တန်း​ပေးတာပါ၊ သတင်းအချက်​အလက်​ဆိုင်​ရာ
နည်းပညာ​ဟာ ယ​နေ့အချိန်​အခါမှာ အ​ရေးပါ​နေတယ်​ဆိုတာ သူတို့သိပြီး ​တောင်​သူ​တွေကို ဖြန့်​​ဝေ​ပေးနိုင်​​အောင်​ပါ´´ ဟု သင်​တန်းနည်းပြဆရာ Myanmar Book Aid & Preservation Foundation (MBAPF)မှအုပ်​ချုပ်​မှုဒါရိုက်​တာ ​ဒေါက်တာသန့်​​သော်​​ကောင်းက​ပြောသည်​။
သင်​တန်းကို ​နေပြည်​​တော်​၊စစ်​ကိုင်း၊ရှမ်းပြည်​နယ်​၊​မန္တလေးတိုင်း​ဒေသကြီးတို့မှ ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနဝန်​ထမ်း(၂၁)ဦး၊ငါးလုပ်​ငန်းဦးစီးဌာနဝန်​ထမ်း(၅)ဦးတက်​​ရောက်​ပြီး သင်​တန်းနည်းပြ(၄)ဦးဖြင့်​ သင်​ကြားလျက်​ရှိသည်​။
`သင်​တန်းက​ကောင်းတယ်​ ကွန်​ပျူတာ၊အင်​တာနက် ဆိုင်​ရာ​တွေ အထူးသဖြင့်​ လက်​ကိုင်​ဖုန်းနဲ့ ICT
နည်းပညာ​တွေ ကို ရိုးရိုးရှင်းရှင်း​လေးသိရတယ်​ ကျ​နော်​တို့သိထား တာ​တွေထက်​ ပိုပြီး စနစ်​တကျသိလာတယ်​´ ဟု ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)မှ လာ​ရောက်​သင်​တန်းတက်​သည့်​ ပြန်​ဆက်​ဦးစီးဌာနမှ ဝန်​ထမ်း တစ်​ဦးက​ပြောသည်​။
`ကျ​တော်​တို့​ဒေသမှာ ကွင်းဆင်းတဲ့အခါ ဒီသင်​တန်းက ရရှိတဲ့ နည်းစနစ်​​နဲ့ မိမိသိလိုတဲ့အချက်​အလက်​များရှာ​ဖွေတာ၊​တွေ ရိုးရှင်းစနစ်​ကျတဲ့ ဒီနည်းပညာ​တွေ ပြန်​လည်​​ဝေမျှသွားမှာပါ´ ဟု ၎င်းက ဆက်​​ပြောသည်​။
သင်​တန်းကို Communication for Sustainable Livelihood and Food Security စီမံကိန်း ခေါင်းစဉ်အောက်၌
ပြန်​ကြား​ရေးဝန်​ကြီးဌာန၊UNESCO, LIFT နှင့် MBAPF တို့ ပူးပေါင်း၍ ​နေပြည်​​တော်​နှင့်
မန္တ​လေးမြို့တို့တွင်​ ယခုနှစ်​ ဧပြီလမှ သင်တန်းအမှတ်​စဉ်​(၁)စတင်​ကာ သင်​တန်းများ ဆက်​တိုက်​ဖွင့်​လှစ်​ခဲ့ခြင်း ဖြစ်​​ကြောင်း သိရသည်​။
မောင်​​မောင်​နိုင်​(ကျိုင်းတုံ)

Friday, June 2, 2017






















C4D - Communication for Development သင်တန်းကို မန္တလေးမြို့ ယုံကြည်ရာစာကြည့်တိုက်တွင်
30 May ~ 1 June, 2017 တွင် ပြုလုပ်ခဲ့ပြီး ပြန်/ဆက်မှ ၀န်ထမ်း (၂၄)ယောက်တိတိ တက်ရောက်ခဲ့သည်

Saturday, May 6, 2017

Mobile Information Literacy@ဇောတိပါလ Library, ပုဂံမြို့

Mobile Information Literacy@ဇောတိပါလ Library, ပုဂံမြို့
======================
" အမေရိကန်နိုင်ငံ၊ Washington University ရဲ့ သင်ရိုးညွှန်တမ်းဖြစ်တဲ့ Mobile Information Literacy Course ကို ပုဂံမြို့၊ ရွေစည်ခုံးဘုရား အနောက်ဘက်ရှိ ဇောတိပါလ Library မှာ MBAPF MIL Training of Trainer (ToT) ကို သင်ကြားပို့ချပေးခဲ့ပါတယ်။ MIL Course ကို (၁၀) ကြိမ်ခန့် သင်ကြားပို့ချပေးခဲ့ဖူးတဲ့ ဆရာတွေကို ပြန်ပြီး MIL သင်ပေးရတာဖြစ်တဲ့အတွက် ကျွန်တော့်အတွက်တော့ ဒါဟာ အဂ္ဂမဟာစိန်ခေါ်မှုကြီး တစ်ခုပါပဲ။ ဘုရားရှင် ဇာတ်တော်ထဲက စကားနဲ့ပြောရရင် အပ်လုပ်တဲ့ရွာမှာ အပ်သွားရောင်းရသလိုပါပဲ။ MIL ရဲ့ Module (၅) ခု စလုံးကို သူတို့ မကြားဖူးသေးတဲ့ ဥပမာ ဥပမေယျအသစ်တွေနဲ့ သင်ကြားပို့ချနိုင်ခဲ့လို့ သင်တန်းသားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိခဲ့ပါတယ်။ သူတို့အတွက်လည်း အင်မတန် အကျိုးရှိတဲ့ ToT Course တစ်ခုဖြစ်ခဲ့လို့ ဝမ်းသာရပါတယ်။ MIL ရဲ့ အနှစ်သာရဖြစ်တဲ့ Online Security, Privacy, Online Ethic တွေကို အသေးစိတ် သင်ကြားပို့ချနိုင်ခဲ့တဲ့အပြင် အင်တာနက်ရဲ့ သမိုင်းကြောင်း အသေးစိတ်တွေကို ရုရှရဲ့စပွန်နစ်ဂြိုတ်တုကနေ စတင်ပြီး ပို့ချခဲ့ပါတယ်။ " လို့ သင်တန်းဆရာ ကိုဝေဖြိုးအောင် (AIT Computer) မှ သူ၏ Facebook စာမျက်နှာတွင် တင်ထားပါသည်။ ကိုဝေဖြိုးအောင်
www.aitcomputer.com


Wednesday, May 3, 2017

How to sing a song

It's time to sing a song, it make them improve their listening skill and they are enjoy with new experience

Tuesday, May 2, 2017

TAG Girls များအား Photoshop အခြေခံသင်ကြားခြင်း

မေ-၂ ရက် ၂၀၁၇ တွင် TAG Program တွင်ပါဝင်သော နည်းပညာခေတ်မိန်းကလေးငယ်များအား အခြေခံ Photoshop သင်ကြားခြင်း




Monday, May 1, 2017

Tech Age Girls Myanmar Project 2017


Tech Age Girls Myanmar Project  2017
Week 6 day (1& 2)
Facebook and Online security and safety

Friday, April 28, 2017

ဆရာ​တော်​ဦး​ဇောတိပါလမှ (၂၉-၄-၂၀၁၇) ရက်​​နေ့မနက်​ စကုမြို့တွင်​ အင်္ဂလိပ်​စကာ​ပြောသင်​တန်းအား ပို့ချ​နေစဉ်

Core Formula | Excel video training course

Core Formula | Excel video training course: Learn to use use Excel formulas and functions to build powerful, efficient spreadsheets. This accelerated video training guides you step-by-step.

" 28-Apr-2017 MIL သင်တန်းဆင်းပွဲ "

" 28-Apr-2017 MIL သင်တန်းဆင်းပွဲ "
အထက်​မြန်မာပြည် ဇီးပင်​ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ အရာထမ်းလောင်းသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) သင်တန်းသားများကို e-Government Tools တွေ အသုံးပြုနိုင်ဖို့ Internet Infrastructure ခိုင်မာစေဖို့ " အမေရိကန်နိုင်ငံ၊ Washington University ရဲ့ သင်ရိုးညွှန်တမ်းဖြစ်တဲ့ Mobile Information Literacy Course
သင်​တန်းဆင်းပွဲ အမှတ်တရ

Mobile Information Literacy Course @ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်​ကြီး)

Mobile Information Literacy Course @ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်​ကြီး)
=================================================
မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံခေါင်းဆောင် ဝန်ထမ်းများ မွေးထုတ်ရာ အထက်​မြန်မာပြည် ဇီးပင်​ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ အရာထမ်းလောင်းသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) သင်တန်းသားများကို e-Government Tools တွေ အသုံးပြုနိုင်ဖို့ Internet Infrastructure ခိုင်မာစေဖို့ " အမေရိကန်နိုင်ငံ၊ Washington University ရဲ့ သင်ရိုးညွှန်တမ်းဖြစ်တဲ့ Mobile Information Literacy Course ကို MBAPF ရဲ့ Junior Trainer အနေနဲ့ 26.4.2017 ကနေ 28.4.2017 ထိ (၃) ရက်တိုင်တိုင် သင်ကြားပို့ချခဲ့ပါတယ်။



Sunday, April 23, 2017

Green Way Project Training

မြန်မာပြည် တောင်သူလယ်သမားများအတွက် Green Way Project Training ကို Myanmar Book Center-3  လမ်းမတော်တွင် ပြုလုပ်

Saturday, April 22, 2017

ပုဂံ-ညောင်ဦးမြို့နယ် ဇောတိပါလပရဟိတကျောင်းတိုက်နှင့် ဇောတိပါစာကြည့်တိုက်တွင် Volunteers များလိုအပ်နေပါသဖြင့် စိတ်ပါဝင်စားသူများအနေဖြင့် စာကြည့်တိုက်သို့လာရောက် စာရင်းပေးနိုင်ပါသည်။

ဆက်သွယ်ရန်
ဦးဇောတိပါလ (Principal)
09-403715021,
ujotiparla@gmail.com

ဦးဝေယံမင်းခန့် (ခ) ဦးရဲဖြိုးအောင် (Computer Instructor)
09-252834269,
yephyoeaung88@gmail.com

Friday, April 21, 2017

Volunteers များ MIL သင်တန်း မစခင်နှင့် သင်တန်းပြီးနောက် စစ်တမ်းကောက်ယူပေးပါရန်

For Pre-training assessment
https://docs.google.com/forms/d/e/1FAIpQLSeijTEUnLl9sgweW4HS3n5oErukPuufdVdExhmGPfHRllhKFg/viewform

For Post-Training Assessment
https://docs.google.com/forms/d/e/1FAIpQLSfN4K1TIIN0rFHj9ZU8uDzFLC5I-Hl7n_jcuvynbYvremfJDg/viewform

 

Saturday, March 18, 2017


 မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့နယ်၊ စကုမြို့ အမှတ်-၂ ရပ်ကွက် ဘဒ္ဒန္တဥတ္တရ (မဟာဂန္ထ၀ါစကပဏ္ဍိတ) မဟာဓမ္မိကာရာမ ပဌမပရိယတ္တိစာသင်တိုက် ဆရာတော်ဦးစီး၍
ပုဂံ-ညောင်ဦးမြို့နယ် ဇော်တိပါလ ပရဟိတကျောင်းတိုက်မှ ဆရ်ာတော် ဦးဇောတိပါလမှ Basic English Course & Basic Computer Class (Summer Course) ဖွင့်ပွဲအခမ်းအနား

နေရား  မဟာဓမ္မိကာရာမ ပဌမပရိယတ္တိစာသင်တိုက် စကုမြို့
နေ့ရက်း  ၁၈၊ မတ်လ၊ ၂၀၁၇












Sunday, February 26, 2017

Mobile Information Literacy Training at Jotiparla Welfare Monastery

Course;                        Mobile Information Literacy Training
Participants;                Ministry of Immigration Department staffs
Place;                          Jotiparla Welfare Monastery
Duration;                    25-26, February, 2017











စာဖတ်​ရှိန်​မြှင့်​တင်​​ရေး​ဆွေး​နွေးပွဲသုံးသပ်​ချက်

စာဖတ်​ရှိန်​မြှင့်​တင်​​ရေး​ဆွေး​နွေးပွဲသုံးသပ်​ချက်​ မနက်​ပိုင်း ဆရာမ​ဒေါ်ခင်​သီတာဦး၊ဆရာမ​ဒေါ်မြတ်​စန်းငြိမ်း၊ဆရာမ မသီတာ(စမ်း​ချောင...