စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲသုံးသပ်ချက်
မနက်ပိုင်း
ဆရာမဒေါ်ခင်သီတာဦး၊ဆရာမဒေါ်မြတ်စန်းငြိမ်း၊ဆရာမ မသီတာ(စမ်းချောင်း)တို့ဆွေးနွေးကြတာပါ
ဒေါ်ခင်သီတာဦးက ပြန်ဆက်ကဖြစ်ပြီး ပြန်ဆက်ကလုပ်ဆောင်နေတာတွေ ရပ်ရွာနဲ့ဆိုင်တဲ့ဆွေးနွေးပွဲ တွေကို ပြန်ဆက်စာကြည့်တိုက်ရုံးတွေမှာလုပ်လို့ရတဲ့အကြောင်းပြန်ဆက်စာကြည့်တိုက်ကိုအသုံးပြုကြဖို့အကြောင်းပြောကြားခဲ့သလို
ဒေါ်မြတ်စန်းငြိမ်းက
ကျောင်းစာကြည့်တိုက်စနစ်တကျရှင်သန်ဖို့နဲ့ခေတ်မီဆန်းသစ်သောစာကြည့်တိုက်ဖြစ်ထွန်းရေးအတွက်ဘယ်လိုလုပ်ပေးနေတယ်ဆိုတဲ့အကြောင်းတွေ
လက်တွေ့လုပ်နေတာနဲ့ကြုံရတဲ့အခက်အခဲဆွေးနွေးခဲ့တာပါ
မသီတာ(စမ်းချောင်း)ကတော့ အခုလို စာကြည်တိုက်တွေ စာဖတ်ရှိန်မြှင့်တင်ရေးတွေလုပ်နေတာကိုကြိုဆိုပေမယ့် တကယ်လုပ်သင့်တာက နိုင်ငံတော်အဆင့်လုပ်ဖို့လိုတဲ့အကြောင်း လူကိုအခြေမပြုဘဲ မူကိုအခြေပြုဖို့လိုတဲ့အကြောင်းဆွေးနွေးသွားပါတယ်
ဆရာမတွေရဲ့ဆွေးနွေးမှုအကျဉ်းချုပ်လေးတွေနဲ့အတူကျွန်တော်အမြင်လေးလည်းပြောပါမယ် ပြန်ဆက် ကဆရာမဒေါ်ခင်သီတာဦးပြောသွားတာကိုသုံးသပ်ရရင် ပြန်ဆက်ကချမှတ်ထားတဲ့လမ်းစဉ်တကယ်ကောင်းပါတယ် ဆရာမမသီတာစကားဌားပြောရရင်မူပေါ့ မူကောင်းတယ်လို့ဘဲပြောပရစေ ဒါပေမယ့်တကယ်လက်တွေ့ကြုံရတဲ့ပြန်ဆက်ရုံးစာကြည့်တိုက်တစ်ချို့မှာ ရုံးဆန်နေတာပါဘဲ ဒါကြောင့် ပြန်ဆက်စာကြည့်တိုက်ရုံး လို့သုံးလိုက်ရသလို တချို့လို့အားနာလို့သုံးရပေမယ့် တကယ်ပြန်ဆက်စာကြည့်တိုက်တွေအနေအထားက စာဖတ်သူကိုကူညီပေးကြသည့်တိုင် ပေါ့ပေါ့ပါးပါးမဖြစ်ကြဖူးလို့ထင်ပါတယ် ဒါကခံစားရတဲ့အပိုင်း
ဆရာမကိုဆွေးနွေးခဲ့တာလေးလည်း ပြန်ပြောပါရစေ ပြန်ဆက်စာကြည့်တိုက်တွေကဦးစီးပြီးတစ်လတစ်ကြိမ်မြို့နယ်တွင်းစာကြည့်တိုက်တွေကိုဖိတ်ခေါ်ဆွေးနွေးဖို့
ပြည်သူလူထုအသံနားထောင်ဖို့ အခါအားလျော်စွာ စုပေါင်းရံပုံငွေရှာဖို့
၎လတစ်ကြိမ်ဖြစ်စေ ၆လတစ်ကြိမ်ဖြစ်စေ ခရိုင်အတွင်းရှိစာကြည့်တိုက်များစုပေါင်းပြီးခရိုင်အဆင့်တွေ့ဆုံပွဲတွေလုပ်ဖို့
၁နှစ်တစ်ကြိမ် တိုင်းအဆင့် တွေ့ဆုံတာမျိုးတွေ
စသဖြင့်လုပ်ဆောင်သင့်ကြောင်း အကြံပြုခဲ့ပါတယ် စာကြည့်တိုက်လုပ်သူတွေဟာ ကိုယ့်စရိတ်ကိုယ်စားပြီးအခမဲ့လုပ်သူတွေဖြစ်တာကြောင့် ကိုယ့်မြို့နယ်တွင်းဖြစ်လို့ရယ် စာကြည့်တိုက်လုပ်ဆောင်သူအများစုဟာတွေ့ဆုံဆွေးနွေးချင်ကြသူတွေဖြစ်တာကြောင့် ပွဲလုပ်တဲ့အခါ တပြားမှကုန်စရာမလိုဖူးဆိုတာပြောပရစေ တစ်ယောက်နဲ့တစ်ယောက်လေးစားမှုရှိပြီးပူးပေါင်းလုပ်ဆောင်တတ်တဲ့အလေ့အားကောင်းမှစာကြည့်တိုက်တွေဖွံဖြိုးမှာပါ
ဆရာမမြတ်စမ်းငြိမ်းရဲ့စာကြည့်တိုက်အရေးအကောင်အထည်ဖော်လုပ်နေတာတွေအတွက်တော့ဆွေးနွေးဖို့သိပ်မလိုတော့မပြောတော့ပါဘူး ဆရာမမသီတာကနိုင်ငံတကာအနေအထားနဲ့ယှဉ်ပြီးပြောတဲ့အတွက် မူကိုပြောသွားတာပါ ကျွန်တော်တို့လည်းလက်ခံသလို မူပေါ်လာအောင်လည်း ဝိုင်းလုပ်နေကြတာတွေရှိပါတယ် ဒါပေမယ့်တကယ့်လက်တွေ့မှာတော့ နိုင်ငံရေးအပြောင်းအလဲမှာတောင် ဒေါ်အောင်ဆန်းစုကြည့်ကို အခြေပြုပြီးသွားနေရတာမျိုး ကျွန်တော်တို့စာကြည့်တိုက်အရေးလုပ်နေသူတွေဟာလည်း လူပေါ်အခြေပြုနေရအုန်းမှာပါ မူကလည်း ကောင်း အကောင်အထည်ဖော်မယ့်လူတွေရဲ့အရည်အချင်းတွေကိုလည်းမြှင့်တက်အောင်လုပ်ပေးနိုင်ကြမယ်ဆိုရင် မြန်မာ့နိုင်ငံရေးနဲ့အတူ စာကြည့်တိုက်တွေဖွံဖြိုးလာနိုင်မှာပါလို့မျှော်မှန်းရင်းသုံးသပ်လိုက်ရပါတယ်
၂၃.၆.၂၀၁၇(စာပေဗိမာန်)
ဆက်လက်ဆွေးနွေးနိုင်ပါတယ်.....
Author - Ko Maung Maung Soe's Facebook